ShweFlix Canali Telegram

www.ShweFlix.com Official Telegram Channel

View in Telegram

Recent Posts

John Wick: Chapter 4 (2023) မြန်မာစာတမ်းထိုး
*** 4k Available ***
----- အညွှန်း -----

ဒီဇာတ်ကားလေးက Action, Crime, Thriller အမျိုးအစားဖြစ်ပြီး ပထမဇာတ်ကားကတည်းက အရမ်းလူကြိုက်များခဲ့တဲ့ဇာတ်ကားလေးပါ။ John Wick Chapeter-4 (2023) မှာတော့ IP Man က မင်းသားကြီး Donnie Yan ပါပါဝင်လာတဲ့အတွက်ပိုကြမ်းသွားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝစ်ခ်ဟာ ကောင်စီရဲ့ဆုကြေးထုတ်တာကိုခံရပြီး အမြဲပြေးလွှားနေရတာပေါ့။ သူ့ရဲ့ရည်မှန်းချက်က ကောင်စီအပေါ်တင်နေတဲ့အကြွေးတွေအားလုံးကျေပြီး လွတ်လပ်ချင်ခဲ့တာပါ။ တစ်နေ့မှာတော့ သူ့ရဲ့မိတ်ဆွေဟောင်းကြီးဝင်စတန်ဟာ ကောင်စီရဲ့အမိန့်ကြောင့် သူပိုင်တဲ့ဟိုတယ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ အဲဒီတော့ သူက အခဲမကြေဖြစ်ပြီး လက်စားပြန်ချေချင်နေခဲ့ပါတယ်။ အဲဒီတော့ ဂျွန်ဝစ်ခ်လည်းရည်မှန်းချက်ပြည့် သူလည်းဟိုတယ်ကိုပြန်ရ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ ဂျွန်ဝစ်ခ်ကို နည်းလမ်းတစ်ခုပေးလိုက်ပါတယ်။

အဲဒီနည်းလမ်းကဘာဖြစ်မလဲ။ ဂျွန်ဝစ်ခ်ကရော အဲဒီနည်းလမ်းကို အကောင်အထည်ဖော်ပြီး သူ့ရဲ့လွတ်လပ်ခွင့်ကို ရအောင်ယူနိုင်မလားဆိုတာ ကြမ်းတမ်းတဲ့အက်ရှင်ခန်းတွေနဲ့အမိုက်စားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 4k, 1080p 5.1CH, 720p, 480p
Duration……..: 2h 49m
Translator…..: MCEC
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/john-wick-chapter-4-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Discontinued (2022) မြန်မာစာတမ်းထိုး
----- အညွှန်း -----

ဒီဇာတ်ကားလေးက Comedy, Sci-Fi အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဆာရာဟာ သူနေထိုင်နေတဲ့ကမ္ဘာကြီးကို မကောင်းမြင်နေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ လူ့အသိုင်းအဝိုင်းတွေကိုစိတ်ပျက်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ တီဗီမှာ ထူးဆန်းတဲ့အစီအစဉ်တစ်ခုကိုကြည့်မိသွားပါတယ်။ အဲဒီအစီအစဉ်ကတော့ တုပခြင်းဟာ လက်တွေ့ဘဝရဲ့ရည်မှန်းချက်ကို အောင်မြင်သွားပြီဖြစ်တဲ့အတွက် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖန်တီးသူတွေကကြေညာခဲ့ပါတယ်။ ပြီးတော့ လူတွေကို ဒီကမ္ဘာကြီးပေါ်မှာပဲနေထိုင်မှာလားဒါမှမဟုတ် ဘဝရဲ့အကောင်းဆုံးအမှတ်တရငါးခုနဲ့ထာဝရနေထိုင်မှာလားဆိုတာကိုရွေးချယ်ခိုင်းခဲ့ပါတယ်။

အဲဒီတော့ ဆာရာကရော ဘယ်လိုရွေးချယ်မှုမျိုးနဲ့ သူ့ဘဝကိုရှင်သန်မှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် သိပ္ပံဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 1080p 5.1CH, 720p, 480p
Duration……..: 1h 31m
Translator…..: MCEC
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/discontinued-2022/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
The Eight Mountains (2022) မြန်မာစာတမ်းထိုး
----- အညွှန်း -----

ဒီဇာတ်ကားလေးကတော့တောင်တန်းတွေပေါ်ကသူငယ်ချင်းနှစ်ယောက်ရဲ့ချစ်မေတ္တာကိုဖော်ကျူးထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ လှပတဲ့ရှူခင်းတွေနဲ့ရင်သပ်ရှုမောရလောက်တဲ့ဇာတ်အိမ်ကိုကြည့်ရှုရမဲ့ကားပဲဖြစ်ပါတယ်။

ပီထရိုကမြို့မှာနေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီးနွေရာသီတစ်ခုမှာသူ့အဖေငှားခဲ့တဲ့တောင်တန်းတွေပေါ်ကအိမ်တစ်လုံးဆီကိုအလည်လာခဲ့ပါတယ်။အဲ့ဒီမှာဘရူနိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီးသူတို့နှစ်ယောက်ကအခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့နွေရာသီတိုင်းသူတို့သူငယ်ချင်းနှစ်ယောက်တွေ့ဖြစ်ကြပြီးနွေရာသီတစ်ခုမှာတော့ဘရူနိုရဲ့အဖေကသူ့ကိုအလုပ်လုပ်ဖို့ခေါ်သွားခဲ့တဲ့အတွက်သူငယ်ချင်းနှစ်ယောက်ဝေးကွာခဲ့ကြပါတော့တယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးနောက်လူကြီးတွေဖြစ်လာတဲ့အခါမှာတော့သူငယ်ချင်းနှစ်ယောက်ပြန်ဆုံခဲ့ကြပါတော့တယ်။ သူငယ်ချင်းနှစ်ယောက်သားကငယ်ငယ်ကအတိုင်းပဲနွေရာသီတိုင်းတွေ့ဖြစ်ကြပြီး သိလိုက်ရတာကတော့ဘဝတွေကငယ်ငယ်တုန်းကလိုရိုးရိုးရှင်းရှင်းနဲ့မပျော်ရွှင်ရတော့တာကိုပါပဲ။

သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေလူ့လောကရဲ့သဘောတရားတွေအကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ဒရာမာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: Blu-ray
Resolution….: 1080p 5.1CH, 720p, 480p
Duration……..: 2h 27m
Translator…..: Eazy
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/the-eight-mountains-2022/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Guy Ritchie’s The Covenant (2023) မြန်မာစာတမ်းထိုး
*** 4k Available ***
----- အညွှန်း -----

ဖြစ်ရပ်မှန်စစ်ကားတွေကိုသဘောကျတဲ့သူတွေအတွက် The Convenant ဆိုတဲ့ဇာတ်ကားအသစ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကတော့အမေရိကန်အာဖဂန်စစ်ပွဲပေါ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။

တပ်ကြပ်ကြီးဂျွန်ကန်လီတို့တပ်ဖွဲ့ကတာလီဘန်တွေရဲ့လက်နက်တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုရှာဖွေရတဲ့တာဝန်ကျသူတွေဖြစ်ပါတယ်။ တစ်နေ့မှာတော့သူတို့ဆီကိုအာမက်ဆိုတဲ့အာဖဂန်စကားပြန်တစ်ယောက်ရောက်လာပြီးနောက်မှာသူတို့ရဲ့အဖွဲ့အခြေအနေကပြောင်းလဲသွားပြီးသူတို့ရဲ့အခက်အခဲတွေကိုအတူတူရင်ဆိုင်ကျော်ဖြတ်ပုံတွေကိုစစ်ပွဲအရသာအပြည့်နဲ့ကြည့်ရှုခံစားရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 4k, 1080p 5.1CH, 720p, 480p
Duration……..: 2h 3m
Translator…..: Eazy
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/guy-ritchies-the-covenant-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Evil Dead Rise (2023) မြန်မာစာတမ်းထိုး
*** 4k Available ***
----- အညွှန်း -----

ကြမ်းမှကြမ်းဆိုတဲ့သရဲကားကြိုက်တဲ့သူတွေအဖို့ Evil Dead Rise 2023 ထွက်ရှိလာပါပြီ။ ၂၀၁၃ တုန်းကထွက်ရှိခဲ့တဲ့ Evil Dead တုန်းကလည်း တော်တော်ကြောက်ဖို့ကောင်းခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အယ်လီဟာ တိုက်အဟောင်းကြီးတစ်ခုမှာနေထိုင်တဲ့ ကလေးသုံးယောက်အမေပါ။ သူတို့နေထိုင်တဲ့တိုက်ဟောင်းကြီးရဲ့ရာဇဝင်ကတော့ တစ်ချိန်ကဘဏ်တစ်ခုအနေနဲ့ အသုံးပြုခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်နေ့မှာတော့ အယ်လီဆီကိုသူ့ညီမဖြစ်သူဘတ်သ်ရောက်တဲ့အတွက် သူ့ကလေးတွေကို ပီဇာသွားဝယ်ခိုင်းခဲ့ပါတယ်။ ပီဇာသွားဝယ်ပြီးအပြန် မြေအောက်ကားပါကင်ကိုရောက်တော့ အင်အားပြင်းထန်တဲ့ငလျင်တစ်ခုနဲ့ကြုံခဲ့ပြီး မြေတွေအက်ကွဲသွားကာ ဟိုးအရင်ကအသုံးပြုခဲ့တဲ့ဘဏ်တိုက်တစ်ခုကိုတွေ့လိုက်ရပါတယ်။ ဒန်နီက လူငယ်ပီပီစူးစမ်းချင်တဲ့အတွက် အောက်ကိုဆင်းပြီးလိုက်ကြည့်ရင်း ရှေးဟောင်းစာအုပ်တစ်အုပ်ကိုအမှတ်မထင်တွေ့လိုက်ရတော့ အဖိုးတန်တယ်လို့ယူဆပြီး သူ့အခန်းကိုယူလာခဲ့လိုက်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်းစာအုပ်ဟာ သာမာန်စာအုပ်မဟုတ်ပဲမကောင်းဆိုးဝါးနဲ့ဆက်စပ်မှုရှိနေတဲ့ သေခြင်းစာအုပ်ဆိုတာကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

(မှတ်ချက်။ ။ သွေးသံတရဲရဲအခန်းတွေ ကြောက်စရာကောင်းတဲ့အခန်းတွေအများအပြားပါတဲ့အတွက် အသည်းငယ်သူများမကြည့်သင့်ပါဘူး။)

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 4k, 1080p 5.1CH, 720p, 480p
Duration……..: 1h 36m
Translator…..: MCEC
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/evil-dead-rise-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
The Pope’s Exorcist (2023) မြန်မာစာတမ်းထိုး
*** 4k Available ***
----- အညွှန်း -----

ဒီဇာတ်ကားလေးက Horror, Thriller အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီယာဟာ သူ့ယောက်ျားကို ကားမတော်တဆမှုတစ်ခုမှာဆုံးရှုံးလိုက်ရပြီး သူ့သားဟင်နရီကတော့ အဲဒီအဖြစ်ဆိုးကြီးပြီးကတည်းက စကားမပြောတော့ပါဘူး။ ဂျူလီယာဟာ သူ့ယောက်ျားမရှိတော့ ငွေရေးကြေးရေးအဆင်မပြေတဲ့အတွက် သူ့ယောက်ျားပိုင်ဆိုင်တဲ့ အက်ဘီအိမ်ကြီးကို ပြန်လည်ပြင်ဆင်ပြီး ရောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ပြောင်းရွေ့လာခဲ့ပါတယ်။ သူ့သမီးအေမီကတော့ ဒီလိုအိမ်စုတ်ကြီးမှာ မနေချင်တဲ့အတွက် သူ့အပေါ်မှာအမြင်မကြည်ခဲ့ပါဘူး။

တစ်နေ့မှာတော့ ပြန်လည်တည်ဆောက်ရေးလုပ်နေတဲ့အချိန်မြေအောက်ခန်းထဲက ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ယောက်ဒဏ်ရာရသွားတဲ့အခါ ကန်ထရိုက်တာက ဒီအလုပ်ကိုဆက်မလုပ်နိုင်တော့ဘူးဆိုပြီး သူ့ရဲ့အလုပ်သမားတွေအားလုံးကို ပြန်ခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဂျူလီယာတစ်ယောက် အရမ်းစိတ်ညစ်နေတဲ့အချိန်မှာပဲ သူ့သားဟင်နရီကို မကောင်းဆိုးဝါးတစ်ယောက်ကပူးကပ်သွားပါတော့တယ်။ အဲဒီတော့ ဂျူလီယာဟာ ခြေမကိုင်မိလိုက်မကိုင်မိဖြစ်ပြီး အနီးအနားက ဖာသာတစ်ယောက်ကို အကူအညီတောင်းခဲ့ပေမယ့် ဖာသာက မကောင်းဆိုးဝါးရဲ့အနားတောင်မကပ်နိုင်ခဲ့ပါဘူး။

အဲဒီသတင်းက ဗာတီကန်က ဘုန်းတော်ကြီးဆီရောက်သွားပြီး သူ့ရဲ့တပည့်ဖြစ်သူ ဂတ်ဘရီရယ်လာကို အပင်နှင်ဖို့တာဝန်ပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ ဂတ်ဘရီရယ်လာဟာ အက်ဘီအိမ်ကြီးကိုရောက်ပြီး အပနှင်ဖို့လုပ်တဲ့အခါ သာမန်မကောင်းဆိုးဝါးမဟုတ်ပဲအရမ်းအစွမ်းထက်တဲ့မကောင်းဆိုးဝါးဖြစ်နေတာကိုသိလိုက်ရတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် သရဲကားကြိုက်နှစ်သက်သူတွေအဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

(မှတ်ချက်။ အသည်းငယ်သူများမကြည့်သင့်ပါ)

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 4k, 1080p 5.1CH, 720p, 480p
Duration……..: 1h 43m
Translator…..: MCEC
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/the-popes-exorcist-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Dungeons & Dragons: Honor Among Thieves (2023) မြန်မာစာတမ်းထိုး
*** 4k Available ***
----- အညွှန်း -----

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်ဇာတ်ကားကောင်းတစ်ကောင်းထပ်ထွက်လာခဲ့ပါပြီ။ ဒီဇာတ်ကားထဲမှာတော့နာမည်ကြီးသရုပ်ဆောင်တွေအဖြစ်နဲ့ Wonder Woman ထဲကသရုပ်ဆောင် Chris Pine နဲ့ Fast And Furious ရဲ့ပင်တိုင်မင်းသမီးဖြစ်တဲ့ Michelle Rodriguez တို့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားထွက်ရှိပြီးတဲ့အချိန်မှာ Rating ကောင်းကောင်းတွေလဲရထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ယောက်ကကြီးမားတဲ့ဖောက်ထွင်းမှုကြီးတစ်ခုကိုကျူးလွန်ခဲ့တဲ့အတွက်အကျဉ်းကျနေခဲ့ပါတယ်။အက်ဒ်ဂင်ကလဲသူ့ရဲ့သမီးလေးအိမ်မှာကျန်နေခဲ့တဲ့အတွက်နှစ်နှစ်ကြာပြီးနောက်မှာထောင်ကနေဖောက်ထွင်းထွက်ပြေးလာခဲ့ပါတော့တယ်။ အဲ့ဒီနောက်မှာသိလိုက်ရတာကသူရဲ့သမီးလေးကိုသူကိုယ်တိုင်အပ်ထားခဲ့တဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့သူကလူကောင်းတစ်ယောက်မဟုတ်ပဲအာဏာအတွက်အနီရောင်စုန်းရဲ့လက်အောက်မှာယစ်မူးနေတဲ့သူဖြစ်နေတဲ့အခါသူ့သမီးလေးကိုကယ်တင်ပြီးအာဏာရူးလုပ်ဖော်ကိုင်ဖက်ဟောင်းကိုဖြုတ်ချဖို့အတွက်အဖွဲ့သစ်တစ်ခုထပ်ဖွဲ့ပြီးကြိုးစားကြပုံကိုဟာသလေးတွေေနှောပြီးစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 4k, 1080p 5.1CH, 720p, 480p
Duration……..: 2h 14m
Translator…..: Eazy
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/dungeons-dragons-honor-among-thieves-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Last Sentinel (2023) မြန်မာစာတမ်းထိုး
----- အညွှန်း -----

ဒီကားလေးကတော့ ၂၀၆၃ ခုနှစ်မှာကမ္ဘာကြီးဖြစ်ပျက်နေမဲ့ပုံစံကိုရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၂၀၆၃ ခုနှစ်မှာ ကမ္ဘာကြီးမှာသေးငယ်တဲ့ကမ္ဘာ့တိုက်ကြီးနှစ်ခုပဲကျန်ပါတော့တယ်။ အဲ့ဒီအကျိုးရလာဒ်အနေနဲ့အဲ့ဒီတိုက်တွေကြားမှာအဆုံးမရှိတဲ့စစ်ပွဲတွေဖြစ်ခဲ့ပါတော့တယ်။ ဒီကားထဲမှာဆိုရင်အဓိကတွေ့ရမှာကတော့ပင်လယ်ပြင်ထဲကစစ်တပ်စခန်းမှာအကူအညီကိုစောင့်မျှော်နေတဲ့စစ်သားအဖွဲ့အကြောင်းကိုအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ စားနပ်ရိက္ခာတွေရှားပါးရုံသာမကသောက်ရေသုံးရေတွေကလဲရှားပါးနေတဲ့အတွက်တော်တော်လေးအခက်တွေ့နေရပါတယ်။

တစ်နေ့မှာတော့သူတို့ရဲ့စခန်းဆီကိုလှေငယ်တစ်စီးမျှောလာပါတယ်။ အဲ့ဒီလှေကနေအစပြုလို့အရာရာအခက်တွေ့နေတဲ့အဖွဲ့သားတွေနဲ့ခေါင်းဆောင်ကြားမှာသဘောထားကွဲလွဲမှုတွေဖြစ်ပုံတွေ လူသားတွေရဲ့စိတ်နေသဘောထားတွေကိုကြည့်ရှုရမဲ့စိတ်ကူးယာဉ်ဇာတ်ကားပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 1080p 5.1CH, 720p, 480p
Duration……..: 1h 57m
Translator…..: Eazy
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/last-sentinel-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
The Magic Flute (2022) မြန်မာစာတမ်းထိုး
----- အညွှန်း -----

ဒီဇာတ်ကားလေးက Adventure, Fantasy, Musical အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ တင်မ်ဝေါ်ကာဆိုတဲ့လူငယ်လေးဟာ သူ့အဖေရဲ့ဆန္ဒအတိုင်းမိုးဇတ်ဂီတကျောင်းကို သွားတက်ခဲ့ပါတယ်။ သူ့အဖေမဆုံးခင်မှာ သူ့ကို ထူးခြားဆန်းကြယ်တဲ့ "မှော်ပုလွေ"ဆိုတဲ့စာအုပ်ပေးခဲ့ပြီး အဲဒီစာအုပ်ကို သက်ဆိုင်တဲ့နေရာမှာ ပြန်ထားပေးဖို့မှာခဲ့ပါတယ်။ အဲဒီတော့ တင်မ်ဟာ သူ့အဖေရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ မိုးဇာတ်ကျောင်းကိုရောက်သွားပါတော့တယ်။

တစ်နေ့မှာတော့ ညသုံးနာရီထိုးတဲ့အခါ တင်မ်ဟာ ကျောင်းစာကြည့်တိုက်ထဲမှာ ထိုင်နေရင် မှော်စာအုပ်ရဲ့အစွမ်းကြောင့် မှော်ပုလွေတိုင်းပြည်ကိုရောက်သွားပါတော့တယ်။ အဲဒီတော့ တင်မ်ဟာ သူ့အဖေရဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ပါ့မလား။ မှော်ပုလွေတိုင်းပြည်မှာ ဘယ်လိုစွန့်စားခန်းတွေဖွင့်ရမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားထောင်ရင်းကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: Blu-ray
Resolution….: 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p
Duration……..: 1h 55m
Translator…..: MCEC
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/the-magic-flute-2022/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Peter Pan & Wendy (2023) မြန်မာစာတမ်းထိုး
*** 4k Available ***
----- အညွှန်း -----

နတ်သမီးပုံပြင်ကာတွန်းကားတွေကြားမှာပီတာပန်ဆိုတဲ့ကောင်လေးနဲ့တင့်ကာဘဲလ်ဆိုတဲ့ကောင်မလေးကိုတော့လူတော်တော်များများကြားဖူးကြမှာပါ။ အဲ့ဒီပီတာပန်ကာတွန်းကားကိုမှ အခုအချိန်မှာ Live Action အနေနဲ့ Peter Pan & Wendy ဆိုပြီးတော့ထွက်ရှိလာခဲ့ပါပြီ။ ဒီကားထဲမှာတော့ထုံးစံအတိုင်းပီတာတစ်ယောက်တည်းကိုပဲဦးစားပေးပြီးရိုက်ကူးထားတာမဟုတ်ပဲဝင်ဒီဆိုတဲ့ကောင်မလေးကိုလဲအသားပေးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

ဝင်ဒီဆိုတာကတော့ကလေးဘဝမှာပျော်မွေ့ပြီးအသက်မကြီးချင်တဲ့ကောင်မလေးတစ်ယောက်ပါ။ ဒီလိုနဲ့ပီတာတစ်ယောက်ဝင်ဒီရဲ့ဆန္ဒကိုကြားခဲ့ပြီးတစ်ညမှာဝင်ဒီနဲ့သူ့ရဲ့မောင်သုံးယောက်ကိုလာခေါ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့သူတို့သုံးယောက်ပီတာပန်ရှိတဲ့နဲဗားလန်းကိုရောက်ရှိသွားခဲ့ကြပါတယ်။ ဒါပေမယ့်အဲ့ဒီမှာကပ္ပတိန်ဟုခ်နဲ့တစ်ခေါက်ရင်ဆိုင်ပြီးတဲ့နောက်မှာပီတာပန်ကထင်ထားသလိုမဟုတ်ခဲ့ပဲစိတ်ကြီးဝင်နေတဲ့မရင့်ကျက်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေတာကိုသိခဲ့ရပါတယ်။ ဒီလိုနဲ့နောက်ထပ်ကပ္ပတိန်ဟုခ်နဲ့တကယ်တမ်းပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရတဲ့အခါမှာပီတာတစ်ယောက်သူ့ရဲ့အမှားတွေကိုပြင်ဆင်နိုင်ပါ့မလား။ နဲဗားလန်းကိုရောက်နေတဲ့ဝင်ဒီတို့ရောရှေ့ဆက်ဘယ်လိုတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-DL
Resolution….: 4k, 1080p 5.1CH, 720p, 480p
Duration……..: 1h 46m
Translator…..: Eazy
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/peter-pan-wendy-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
Infidelity Can Be Fatal (2023) မြန်မာစာတမ်းထိုး
----- အညွှန်း -----

လောကကြီးထဲမှာမဖောက်ပြန်တတ်တဲ့လူဆိုတာရှိတယ်လို့ထင်ပါသလား။ ဒီကားလေးထဲမှာတော့အဲ့လိုဖောက်ပြန်တတ်တဲ့လူတွေရဲ့အကြောင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့လူစီဆိုတဲ့ကောင်မလေးကအိမ်ထောင်ရေးဖောက်ပြန်တဲ့လူတွေကိုလိုက်စုံစမ်းပေးရတဲ့အလွတ်စုံစမ်းစစ်ဆေးသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အလုပ်မှာသူကအရမ်းကိုတော်တာကြောင့်နာမည်လဲကြီးပါတယ်။ တစ်နေ့မှတော့သူ့ဆီကိုကလိုက်ဗ်ဆိုတဲ့လူတစ်ယောက်ကသူ့မိန်းမဖောက်ပြန်နေတဲ့အတွက်သက်သေကိုရှာပေးဖို့အတွက်အလုပ်လာအပ်ခဲ့ပါတယ်။ ဒီလိုနဲ့လူစီလဲအဲ့ဒီအမှုကိုလိုက်ရင်းနဲ့ကလိုက်ဗ်ရဲ့မိန်းမဖောက်ပြန်နေတယ်ဆိုတဲ့သက်သေကိုမရှာနိုင်ခင်ဘယ်သူ့ကိုမှမယုံကြည်တဲ့လူစီတစ်ယောက်ကလိုက်ဗ်နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတော့တယ်။

ဒါပေမယ့်ဘဝဆိုတာအမြဲတမ်းပျော်ရွှင်စရာတွေပဲမကြုံရနိုင်တဲ့အတွက်လူစီခါးသီးတဲ့အမှန်တရားတွေကိုသိခဲ့ရတဲ့အခါမှာတော့ဇာတ်လမ်းတစ်ခုလုံးဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပြီးသူမမျှော်လင့်ထားခဲ့တဲ့အရာတွေကိုဖြေရှင်းပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Format……….: .mp4 & .mkv
Quality………..: WEB-rip
Resolution….: 1080p 5.1CH, 720p, 480p
Duration……..: 1h 25m
Translator…..: Eazy
Encoder………: MZM

အပြည့်အစုံကြည့်ရန်နှင့် ဒေါင်းရန် link
👉https://shweflix.org/movies/infidelity-can-be-fatal-2023/

😍 တယ်လီဂရမ်ချန်နယ်လေး Subscribe လုပ်ထားပေးပါ
👉@ShweFlixOfficial
See more posts

View in Telegram

Telegram Channel
TeleSearch Telegram Search