Khit Thit Media Telegram Channel

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

View in Telegram

Recent Posts

မြန်မာစစ်ကောင်စီလေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှုမရှိစေရန် ၂၄ နာရီစောင့်ကြည့်နေပြီး ယနေ့ နံနက်ပိုင်း ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ကင်းလှည့်ပျံသန်းမည်

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် မြန်မာပြည်သူများကို ဗုံးကျဲပစ်ခတ်နေသော မြန်မာစစ်ကောင်စီလေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှုမရှိစေရန် ၂၄ နာရီစောင့်ကြည့်နေကြောင်း ထိုင်းသတင်းမီဒီယာများနှင့် စစ်ဘက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာက သတင်းဖော်ပြထားသည်။

ယမန်နေ့ ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ မြ၀တီမြို့နယ်တွင် ဗုံးကျဲနေသော မြန်မာစစ်ကောင်စီလေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှု မရှိစေရေးအတွက် ရေဒါများမှတစ်ဆင့် ၂၄ နာရီမပြတ် စုံစမ်းထောက်လှမ်းနေကြောင်း၊ ယနေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ထိုင်းတော်ဝင် လေတပ်၏ F-16 တိုက်လေယာဉ် ၂ စီး ကင်းလှည့်ပျံသန်းမည်ဖြစ်ကြောင်း၊ ပျံသန်းမှုကို ကြိုတင် သတင်းထုတ်ပြန်ရခြင်းမှာ ထိုင်းပြည်သူများအကြား သိရှိထားစေရန်ဖြစ်ပြီး နားလည်မှု လွဲမှားမှုများ မဖြစ်ပေါ်စေရန် ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

ထို့ပြင် မြေပြင်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး ၂၄ နာရီ နေ့ညမပြတ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက် ကင်းလှည့်လျက်ရှိကြောင်း၊ မြန်မာဘက်မှ ပဋိပက္ခ တိုက်ပွဲများ ထိုင်းမြေပေါ်သို့ မရောက်ရှိစေရေး လုံခြုံရေး ဆောင်ရွက်နေကြောင်း၊ မြန်မာဘက်မှ ကူးလာသော စစ်ဘေးရှောင် ပြည်သူများကိုလည်း ထိုင်းစစ်တပ်နှင့် အာဏာပိုင်များက ကူညီလျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရှိရသည်။
ဆားလင်းကြီးတွင် ရဲဘော်မင်းမင်းထက် ကျဆုံးခြင်း ၁၀ လပြည့် ဝမ်းနည်းခြင်း အခမ်းအနားနှင့် စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန်၊ဧပြီ ၂၁

ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ်သပိတ်‌စစ်ကြောင်းသည် ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း ၁၀ လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပခြင်းနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
ရွှေရေကြည် သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၁

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

View in Telegram

Telegram Channel